မာစတာမရှ် အကြောင်း

image

Bajaj မာစတာမရှ် သည် Bajaj ယာဉ်များနှင့် ပါတ်သတ်၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ စက်ပြင်ဆရာများအတွက် ကျွမ်းကျင်မှုနှင့် အသိအမှတ်ပြုမှုကို ဖော်ထုတ်သော ပွဲတော်ကြီး ဖြစ်သည်။ .

  • ထိုအရာသည် စက်ပြင်ဆရာများ၏ ကျွမ်းကျင်မှုများ၊ ဥာဏ်စွမ်း ကိုယ်စွမ်းကိုယ်စ ထက်မြတ်မှုများကို ဖော်ထုတ်ပြုများကို ဖော်ထုတ်ပြသခွင့်ပေးသော ထူးခြားသည့် ပလက်ဖောင်း ဖြစ်သည်။..
  • ကမ္ဘာတစ်ဝှမ်းလုံးရှိ စက်ပြင်ဆရာများသည် သက်ဆိုင်ရာ တိုင်းနိုင်ငံအလိုက် အွန်လိုင်းမှ တစ်ဆင့် စာရင်းပေးသွင်းပြီး ဒီပွဲတော်ကို ဆင်နွှဲနိုင်ကြသည်။.
  • ပွဲစဉ်များမှာလည်း ၄င်းတို့၏ အရည်အသွေး လည်ပါယ်အလိုက် ယှဉ်ပြိုင်နိုင်စေပါသည်။ (မြို့ကြီး/ မြို့ငယ် အဆင့်၊ ဒေသတွင်းအဆင့် နှင့် နိုင်ငံတော်အဆင့်).
  • လယ်ပါယ်အဆင့်ဆင့်တွင်၊ ပြိုင်ပွဲဝင်သူတို့သည် ရေးဖြေ၊ နှုတ်ဖြေ နှင့် လက်တွေ့ကဏ္ဍများကို ယှဉ်ပြိုင်ရသည်။ ၄င်းတို့၏ မြန်ဆန်မှု တိကျမှုကိုသာမက ပူပေါင်းဆောင်ရွက်မှု၊ ပြစ်ချက်ရှာမှု စံနှုန်းတိကျမှု နှင့်
    ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတများကိုပါ စစ်ဆေးခြင်းဖြစ်ပါသည်။.
  • ပွဲစဉ်တစ်လျှောက်တွင် စက်ပြင်ဆရာသည် မိမိတို့ မြို့ရွာ/ဒေသ/တိုင်းနိုင်ငံအလိုက်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ယှဉ်ပြိုင်ဘက်များနှင့် တွေ့ဆုံခွင့်ရမည်ဖြစ်သည်။ သူတို့သည် ကိုယ်ပိုင် အတွေ့အကြုံများကို မျှဝေခွင့်
    ရမှာဖြစ်တဲ့အတွက် Bajaj ယာဉ်များနှင့် ပါတ်သတ်၍ မိမိတို့၏ဗဟုသုတများ၊ ကျွမ်းကျင်မှုများ ကို တိုးမြှင့်နိုင်သည့် အခွင့်အရေးရမည်ဖြစ်သည်။ ဒါ့အပြင် ဘ၀အတွက် မိတ်ဆွေသစ်များလည်း တိုးလာမည်။.

လယ်ပါယ်အဆင့်ဆင့်က ထိပ်တန်းအဆင့် စက်ပြင်ဆရာများ ( မြို့ပြ / ဒေသ / နိုင်ငံ အဆင့် ) ကို အသိအမှတ်ပြုခြင်းနှင့် ဆုပေးခြင်းများ ရှိပါသည်။.

နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ပွဲစဉ်များတွင် ယှဉ်ပြိုင်ကြသော နိုင်ငံအဆင့် အနိုင်ရသူများ နှင့် အထူးချွန်ဆုံးထဲက အထူးချွန်ဆုံးသူများသည် “ကမ္ဘာ့မာစတာမရှ်” ဆုကို ရရှိမည်ဖြစ်ပါသည်။.